ထုံးကျောက်တူးဖော်ထုတ်လုပ်‌ရေးလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ‌ လေ့လာဆန်းစစ်ချက် ပြုလုပ်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မတ္တရာ  ဇန်နဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စု ကွင်းပြင်ဒေသတွင် မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ ထုံးကျောက်တူးဖော်ထုတ်လုပ်‌ရေးလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ‌ လေ့လာဆန်းစစ်ချက် ပြုလုပ်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးမှ စီမံကိန်းအကြောင်းအရာများ၊ စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများနှင့် လျှော့ချရေးနည်းလမ်းများ စသည့်အကြောင်းအရာများကိုရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ သိရှိလိုစသည့် အချက်များကို မေးမြန်း ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများနှင့် မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ၊ မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)