နယ်လှည့်စာဌား စာအုပ်ပြပွဲဆောင်ရွက်

လဟယ် ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက လဟယ်မြို့ မီးသတ်ဦးစီးဌာနရုံးရှိ အရာထမ်းအမှုထမ်းများအား နယ်လှည့်စာဌားစာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် အဆိုပါရုံးသို့ သွားရောက်ပြုလုပ်ပါသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်နန်းမဉ္ဇူအေးက နယ်လှည့်စာဌား၊ စာအုပ်ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် စာအုပ်ဌားရမ်းမှုကိုစတင်ကာ မီးသတ်ရုံးရှိ အရာထမ်းအမှုထမ်း (၁၅) ဦးတို့အား သုတ/ရသစာအုပ်တစ်ဦးလျှင် (၂) အုပ်နှုန်းဖြင့် စုစုပေါင်း အုပ် (၃၀) အုပ်အားဌားရမ်းပေးခဲ့ကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)