မုံရွာ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပညာရေးမှူး ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်မြို့နယ်အဆင့် လူရည်ချွန် ကျား/မ ပထမ၊ ဒုတိယ ရရှိသော ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၃၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးပြီ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲတွင် ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်အဆင့် လူရည်ချွန် ကျား/မ ပထမ၊ ဒုတိယရရှိသော နဝမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆)ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)