ချောင်းဆုံ ဇန်နဝါရီ ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (သစ်စိမ်း) သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် ပိုက်ဆံလျှော်ပင်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ နတ်မှော်ကွင်းတွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်း (၁၅) ဧကကို လျာထားချက်ကျော်လွန်အောင် တိုးချဲ့စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် မြေဆီလွှာဆုံးရှုံးမှုမှ ကာကွယ်ရန်နှင့် ဓါတ်မြေဩဇာအသုံးပြုမှုများ လျော့နည်းလာစေပြီး စိုက်ပျိုးစရိတ် သက်သာစေရန် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာများကို အသုံးပြုနိုင်ရန်အတွက် ဝန်ထမ်းများမှကွင်းဆင်း၍ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လွင်က ပြောသည်။
ပိုက်ဆံလျှော်ပင် မျိုးစေ့ထုတ်စိုက်ခင်းမှ တစ်ဧကလျှင် မျိုးစေ့ (၆) တင်းမှ (၇) တင်းအထိ ထွက်ရှိရန်လျာထားလျက်ရှိပြီး လာမည့်မိုးစပါးစိုက်ပျိုးရာသီအတွင်း တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးသည့်နည်းပညာများကို ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)