ရပ်စောက် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသက်ဦးစီးဌာနတိုပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တောကျေးရွာ တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှေးရယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးသက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းက မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားကာ မီးကိုစနစ်ကျသုံးစွဲကြရန်နှင့် မီးဘေးအန္တရာယ်ကို မပေါ့ဆကြရန် အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ မီးသက်ဦးစီးဌာနမှ ကျေးလက်နေမိဘပြည်သူများအား မီးသက်ဆေးဘူးအသုံးပြုပုံနှင့် ရှေးဦးမီးသက်နည်းများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်