သံဖြူဇရပ်၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

သံဖြူဇရပ် ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က (မူလွန်) ဖေါင်စိန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးမျိုးချစ်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောဦးစီးဌာနမှဦးဆောင်၍ နှစ်စဥ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများဆောင်ရွက်သလို ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိကျောင်း စိမ်းလန်းစိုပြေစေရေး သစ်ပင်၊ ပန်းပင်များစိုက်ပျိုးခြင်းများ ပြုလုပ်ကြစေရေး၊ သစ်တောသစ်ပင်များပြုန်းတီးပါက မိုးခေါင်ရေရှားပြီး လူနှင့်သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်စေနိုင်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးစသည့် အကြောင်းအရာများကို အသိပညာပေးပြောကြားသည်။

ထို့နောက်ပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီး၊ ပြသထားသည့် သုတ/ရသစာအုပ်များကို ဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)