လပွတ္တာ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က လပွတ္တာမြို့၊ အ.ထ.က ကျောင်းခွဲ လပွတ္တလုပ်မြောက်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆက်လက်၍ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် “လူငယ်စကားဝိုင်း” ကို ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်းခွဲ လပွတ္တလုပ်မြောက်ကျောင်း Grade (11) A မှ မဆုပြည့်စုံက လူငယ်နှင့် စည်းကမ်း၊ မောင်ပိုင်ဖြိုးသူက အလိမ္မာစာမှာရှိ၊ မထက်ရည်ဝင်းက လူငယ်နှင့်ယဥ်ကျေးမှု
စသည့်ခေါင်းစဥ်တို့ဖြင့် တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းချက်များအား ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါစကားဝိုင်းသို့ အ.ထ.က ခွဲ လပွတ္တလုပ်မြောက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ် စာစောင်၊ စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်