ပေါင်မြို့နယ် (အ.မ.က) ကဒါမင်းတန်း‌ကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်

ပေါင် ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.မ.က) မင်းတန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော် ပြုလုပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းသီးချင်းဖြင့် အဖွင့်သီးချင်းသီဆိုခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာညွှန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်နှင့်ကျောင်းအတွင်း ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ဒုတိယပိုင်းအနေဖြင့် ကြိုဆိုပါ၏စုံညီပွဲတော်သီးချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက ဆက်လက်သီဆိုပြီး မွန်ရိုးရာအကအပြင် အခြားအကမျိုးစုံတို့ဖြင့်လည်း သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)