မုဒုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

မုဒုံ ဇန်နဝါရီ ၉

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဇန်နဝါရီ ၇ ရက်နေ့က နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ရာ ယမန်နေ့က မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများက အိမ်ထောင်စုတစ်စု လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တန်ဖိုးငွေကျပ် (၇၀၀၆၂)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၀၈၄၀၀) ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)