လောင်းလုံး နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြတ်စွာဘုရား ရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်၊ ယနေ့ နံနက် ၆ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ပူဇော်ခံကြောင်း သိရသည်။
ထိုသို့ ဒေသစာရီလှည့်လည်ပူဇော်ခံရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီးမီး၊ ဝတ္ထု ငွေများ ကပ်လှူပူဇော်ကြပြီး ဥပသကာများအား စေတနာရှင် အလှူရှင်များက ကျွေးမွေးများဖြင့် ဧည့်ခံကြသည်။
သိန်းသိန်း (လောင်းလုံး)