မြို့သစ် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စျေးရပ်ကွက်အတွင်းရှိ ဆုတောင်းပြည့်ဘုရားဝန်းအတွင်း ရဟန်းသံဃာအပါး (၁ဝ၈) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့၊ ယမန်နေ့နေ့လည် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့သစ် မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် ရပ်နီး/ရပ်ဝေးကျေးရွာများက စေတနာရှင် အလှူရှင်ဒါယကာ/ဒါယိကာမများ ပူးပေါင်း၍ သံဃာတော်အပါး(၁ဝ၈)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်းနှင့် တန်ဆောင်မုန်းလပြည့်အခါသမယနေ့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုဒ်သီလစောင့်တည်ခြင်း၊ ဆီမီးပူဇော်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)