ညောင်ဦး နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားလျက်ရှိရာ ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ တစ်ခွင်လုံး ဘုရားဖူးလာသူများဖြင့် စည်ကားများပြားလျက်ရှိကာ နေ့ချင်းပြန်ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းကာ ဝင်ရောက်လာသည့် ဘုရားဖူးခရီးသွားများပြားလျက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သာမန်ရက်များတွင်ပင် ဘုရားဖူး၊ လေ့လာရေး လာရောက်သူများပြားလျက်ရှိရာ တန်ဆောင်မုန်းကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန် ဘုရားဖူးဧည့်သည်များ၊ နှစ်ညသုံးညအိပ်မိသားစုဘုရားဖူးများ၊ မိတ်ဆွေအပေါင်းများဖြင့် လာရောက်သည့် ဘုရားဖူးဧည့်သည်များဖြင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်းသိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သမိုင်းအထင်ကရ ဘုရားများ၊ နံရံဆေးရေးပန်းချီ များပြားစွာ ကျန်ရှိနေသေးသည့် ဘုရားများ၊ ရှုခင်းအလှဓာတ်ပုံ ရိုက်လို့ကောင်းသည့် ဘုရားများတွင် ဘုရားဖူးလေ့လာရေး လာရောက်သူ သောင်းချီဝင်ရောက် လျက်ရှိကြောင်း သိရသည်။ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော် မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူ ဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ပြဿာဒ်ကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီးတို့တွင် ကားများ၊ မီနီအိုဝေများ၊ အီးဗိုက်များ၊ မြင်းလှည်းရပ်သည့်ကွင်းများတွင် ပြည့်နေသည်အထိ ဘုရားဖူးများ များပြားလျက်ရှိနေပြီး ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင် အုတ်ကျောင်း၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ် ကျောင်းတိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင်ဘုရားတို့တွင်လည်း ခရီးသွားဘုရားဖူးများဖြင့်စည်ကားလျက်ရှိကြောင်း သိရကာ ညောင်ဦးမြို့အတွင်း ရောင်းချလျက်ရှိသည့် ထမင်းဆိုင်များ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ လက်အလှပန်းချီဆွဲသူများ၊မြင်းလှည်း၊ အီးဗိုက်၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ တစ်နေကုန်လိုက်နေရခြင်းကြောင့် အလုပ်အကိုင်များကောင်း ကာဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်းသိရပြီး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင်လည်း တည်းခိုသူများပြားလျက်ရှိကြောင်းသိရကာ နေ့ချင်းပြန်ဘုရားဖူးခရီးသွားများလည်း အလွန်များပြားနေကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးများ၊ သမိုင်းအထင်ကရဘုရားများတွင် စတုဒီသာကျွေးသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း