ပေါင်းတည်၌ ဆောင်းသီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် စိုက်ပျိုးထုတ်လုပ်
Nov 15,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံပြည့်စုံရေးနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ်ဆောင်းသီးနှံများဖြစ်ထွန်းအောင်မြင်ရေး ဂရုတစိုက်အလေးထားစိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။