မိုင်းပန် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို အခြေခံပညာမူလတန်းလွန်ကျောင်း(နားစန်း)ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါပွဲတော်တွင် မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)