လှည်းကူးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်

လှည်းကူး    ဇန်နဝါရီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ထပ်တိုးရရှိခဲ့သည့် ရဲမွန်ခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပေးခြင်းကို ရဲမွန်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သတ်သည့်အကြောင်းအရာများကို ဒေသနေပြည်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းထပ်တိုးရရှိသော ရဲမွန်ကျေးရွာနေပြည်သူများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခဲ့ကာ ကျေးရွာမြစိမ်းရောင်စီမံကိန်းကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)