လိပ်သို ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ဆောင်းရာသီကာလ နနွင်းတက်များ တွင်ကျယ်စွာတူးဖော်သိုလှောင်ရောင်းဝယ်ချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ဆောင်းရာသီကာလ မိသားစုအပိုဝင်ငွေရရှိစေရန် မိုးဦးမကျမီ ကာလတွင် တောင်ယာခင်းများကို မီးရှို့ပြီး မိုးဦးကျစတွင် နနွင်းများကို စတင်စိုက်ပျိုးကြောင်း၊ အချို့မှာ မိသားစုစားဝတ်နေရေးလိုအပ်ချက်အရ နနွင်းတက်များကို ဆောင်းရာသီ အစောပိုင်းကာလများကပင် စောလျင်စွာ စတင်တူးဖော်ကြကြောင်း၊ ဆောင်းရာသီနောက်ပိုင်းကာလ နနွင်းများရင့်ချိန်၌ တွင်ကျယ်စွာတူးဖော် ရောင်းဝယ်ကြကြောင်း သိရသည်။
နနွင်းများကို တူးဖော်ပြီး နနွင်းဦးခေါင်းများကိုဖယ်ကာ နနွင်းတက်များကို ဖဲ့ယူရကြောင်း၊ ဖဲ့ယူရရှိလာသော နနွင်းတက်များကို အချို့မှာ အစိုအတိုင်းရောင်းချကြကြောင်း၊ အများစုမှာ နနွင်းတက်များကို ပြုတ်ပြီး အခြောက်လှန်းကာ သိုလှောင်ရောင်းဝယ်ကြကြောင်း၊ လိပ်သိုမြို့ပေါ်ရှိ နနွင်းအဝယ်ဒိုင်များက ယခင်လတွင် နနွင်းခြောက်တစ်ပိဿာလျှင် (၃၅၀ဝိ/−) ကျပ်ဖြင့် ဝယ်ယူပြီး ယခုလတွင် (၄၀၀ဝိ/−) ကျပ်ဖြင့် ဝယ်ယူနေကြောင်း နနွင်းစိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)