မင်းကင်းမြို့တွင် ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မင်းကင်း ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲက မင်းကင်းမြို့ အမှတ် (၁) ရပ်ကွက်ရှိ မြို့တော်လမ်း၌ ရောင်းချပေးခဲ့သည်။

‌မြို့နယ်ဆီကုန်သည်အရောင်းကိုယ်စားလှယ်‌‌ ဒေါ်ခင်ဝင်းကြည်မှ စားအုန်းဆီများရောင်းချပေး‌နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးရန်နိုင်ထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စားအုန်းဆီရောင်းချမှုကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းကြပ်မတ်ခဲ့ကြသည်။

အဆိုပါ စားအုန်းဆီရောင်းချပေးရာတွင် အိမ်ထောင်စုတစ်စုလျင် စားအုန်းဆီ ၅၀ ကျပ်သားကို ဈေးနှုန်း ၃၃၀၀ ကျပ်ဖြင့် ဆီ ၄၅၆ ပိဿာနှင့် ၅၀ ကျပ်သားကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)