အိမ်မဲ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အုပ်စု (၂) စုခွဲ၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများအပိုထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့ကဆက်လက် ဆောင်ရွက်ခဲ့သည်။
ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို အိမ်မဲမြို့နယ်အတွင်း မြို့နယ်ပြည်သူ့ဆေးရုံ (ခုတင် ၅၀)၊ ရွာသစ် တိုက်နယ်ဆေးရုံ (၂၅ ခုတင်)၊ သရက်ကုန်းတိုက်နယ်ဆေးရုံ (၂၅ခုတင်) တို့တွင် ဆေးရုံအခြေပြု အပိုထပ်ဆောင်ထိုးနှံ ပေးခြင်းဖြစ်သည်။ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများကိုထိုးနှံရာ၌ ပထမအုပ်စုတွင် အသက် (၅၀) နှစ်အထက်နိုင်ငံ့ ဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များပါဝင်ပြီး ထိုးနှံပေးမည့်ကာကွယ်ဆေးအမည်မှာ (Pfizer Original Strain Comirnaty 30 micrograms/dose)ဖြစ်ပြီး ဒုတိယအုပ်စုတွင် ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက်နာတာရှည်ရောဂါခံစားနေရသောပြည်သူလူထုများဖြစ်ကြပြီး ထိုးနှံပေးမည့်ကာကွယ်ဆေးအမည်မှာ (Pfizer Variant Containing Vaccine (VCV) Comirnaty original/Omicron BA,4-5 (15/15micrograms)/dose)တို့ဖြစ်ကြပြီး ယမန်နေ့တွင် အဆိုပါ ပြည်သူ့ဆေးရုံများမှ စုစုပေါင်း (၁၄၇) ဦးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုထိုးနှံမည့်သူများအား ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေး ခြင်းများကိုဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးပေးကာ နာရီဝက်ခန့် စောင်ကြည့်ပြီးမှ ဆေးထိုးစုရပ်မှ ထွက်ခွာစေခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)