သတင်းများ

တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး
Jan 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားဝန်ထမ်းများက အေးချမ်းစွာ လာရောက်ထုတ်ယူနေလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းသီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သီးထပ်ရင် စပါးစိုက်ပျိုးမှုနှင့် ဓာတ်မြေဩဇာကြဲပက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းသီးနှံ နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သီးထပ်ရင်စပါး စိုက်ပျိုးမှုနှင့် ဓာတ်မြေဩဇာကြဲပက်‌နေမှု အခြေအနေများအား ယမန်နေ့ နေ့လယ်(၁၁)နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “ဉာဏ်စမ်းပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်” ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ်လုပ်ငန်း) ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Jan 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ် လုပ်ငန်း) ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင် များ၏ လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယမြိုနယ်၌ တတိယအကြိမ်မြောက် တောင်ရိုးအမျိုးသားချစ်ကြည်ရေးဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တတိယအကြိမ်မြောက် တောင်ရိုးအမျိုးသားချစ်ကြည်ရေးဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပွေးလှကျေးရွာအုပ်စု၊ ရှောက်ပင်ကျေးရွားရှိ ဝါးရုံမြိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 22,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရားများကို နံရံကပ်စာစောင်ပြုလုပ်ပြီး လစဉ်ပုံမှန်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် အ-လ-က (ခွဲ)အောက်ဝိုင်းပါတ်ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Jan 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း ၁း၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အောက်ဝိုင်းပါတ်၌ ကျင်းပကြောင်း သိရသည်။