သတင်းများ

ပန်းတနော်မြို့၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့နယ်၌ ပြာသိုလပြည့်အမေများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jan 26,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်းကာ ပြာသိုလပြည့်အမေများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မိုင်းခတ်မြို့၌ ရပ်ကွက်နေပြည်သူများထံ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Jan 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့်စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို နံနက်(၁၀)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Jan 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနနေရာ၌ ယနေ့နံနက် ၈နာရီအချိန်ကစတင်ကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးရွာနေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး PFIZER ထိုးနှံပေးခဲ့သည်။
နောင်တရား တိုက်နယ်ပြည်သူ့ဆေးရုံ၌ Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
Jan 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ သက်မှတ်ချက်များနှင့် ကိုက်ညီသည့် ပြည်သူများကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခဲ့သည်။
ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများအသုံးပြုပြီး ဆောင်းသီးနှံ မေမြို့ပန်းများ စိုက်ပျိုးရောင်းချရာတွင် အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။
ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းကျင်း ပြီးစီး
Jan 26,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ နာယန်း-ဝပ်ထမ်း ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဇန်နဝါရီလအတွင်း ခင်းကျင်းပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ နေပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံစာရင်းများကောက်ယူ
Jan 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီး၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း အဆောက်အအုံစာရင်းများကောက်ယူခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်၍ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။