အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ (၄)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့သည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် နည်းပညာ၊ သက်မွေး ပညာရပ်များကို လေ့လာသင်ယူပြီး နိုင်ငံအကျိုးအတွက် ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ လာရောက်ပညာသင်ကြားသည့်အတွက် လှိုက်လှဲစွာကြိုဆိုပါ ကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) တွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ အီလက် ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်နှင့် မေဂျာအသစ်ဖြစ်သည့် စက်မှုလယ်ယာနည်းပညာ ဘာသာရပ်များ သင်ကြားပေး လျက်ရှိပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့တွင် အနာဂတ်၏ အင်ဂျင်နီယာလောင်းများ မွေးထုတ်ပေးနေခြင်းဖြစ်သဖြင့် မောင်တို့မယ်တို့အနေဖြင့် ဆရာ၊ ဆရာမ များ သင်ကြားပေးသည့် ဘာသာရပ်များကို စနစ်တကျ မှတ်သားနာယူပြီး လက်တွေ့လုပ်ဆောင်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်သည့် သားကောင်းသမီးကောင်းများ၊ နည်းပညာရှင်ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဌာနမှူးဆရာ၊ ဆရာမများက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော်နှင့် စတုတ္ထအကြိမ် မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ၊ တံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် ပညာရည်ချွန် ဆုရရှိကြသူများအားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင် ကြိုဆိုပွဲကိုကျင်းပပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးဂီတ၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်