ဇေယျာသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ ကျွန်းရောင်းကျေးရွာအုပ်စုမှ ရွှေသင်းဖြူးကျေးရွာနှင့် ကြို့ပင်ဆိပ်ကျေးရွာတို့အား မြိုနယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျွန်းရောင်း ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးအေးကျော်တို့က ကျွန်းရောင်းကျေးရွာအုပ်စု ရွှေသင်းဖြူးကျေးရွာနှင့် ကြို့ပင်ဆိပ်ကျေးရွာများသို့ သွားရောက်ပြီး မီးဖိုအသုံးပြုသည့် နေအိမ်များနှင့် အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများ စနစ်တကျ သုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ် ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျေးရွာအတွင်း လှည့်လည် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)