မုံရွာ ဇန်နဝါရီ ၂၇
ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေပြီး စာပေနှင့် အနုပညာစွမ်းအား၊ အားကစားတို့ဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန် ကန်သည့်အတွေး အခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “လောကအားမာန်” တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယကို ရောက်ရှိတော့မှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေစေရန် စည်းလုံးညီညွတ်မှု စွမ်းပကားဖြင့် နိုင်ငံတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ကြီး တည်တံ့ခိုင်မြဲရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေး၊ နိုင်ငံတစ်ဝန်း တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ချစ်ခင်ရင်းနှီးစည်းလုံးမှု တည်ဆောက်ရေးတို့အား ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် ဝံသာနုရက္ခိတတရားအပေါ် အခြေခံ၍ တည်ဆောက်ကြလျှင် မျှော်မှန်းထားသည့် အတိုင်အောင်မြင်ဖြစ်ထွန်းလာမှာဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက် ဖွံ့ဖြိုးခြင်း၏ အခြေခံသည် ပညာတတ်လူ့အရင်းအမြစ်များ ပေါကြွယ်ဝခြင်းပင်ဖြစ်ပါကြောင်း၊ အသိပညာ၊အတတ်ပညာ ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ မဖြစ်မနေလိုအပ်သည် ဟု မိမိအနေဖြင့် ယုံကြည်သည့်အတွက်လည်း ယခုကဲ့သို့ လူငယ်ပွဲတော်ကို ကျင်းပရခြင်းဖြစ် ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သား ကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာမူဝါဒများ ကိုခေတ်ကာလနှင့် ကိုက်ညီ အောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိရာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့် စာပေအနုပညာပြပွဲများ၊ ကျောင်းသားအားကစားပြိုင်ပွဲများ၊ ပြပွဲပြိုင်ပွဲများတွင် တက်ရောက်ဆွေးနွေးပြသ ယှဉ်ပြိုင်ခြင်းများကို ဆောင်ရွက်ပေးနေသည့် အတွက် လူငယ်များ၏ အသိပညာနှင့် အတွေးအမြင်များ ပိုမိုဆန်းသစ် တိုးတက်လာစေမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များပါဝင်လာနိုင်စေရန် အခွင့်အရေးပေးပြီး လက်တွဲဆောင်ရွက်ပေးကြရန်နှင့် လူငယ်များအား ရိုးရာယဉ်ကျေးမှု အမွေ အနှစ် များချစ်မြတ်နိုးစေပြီး နိုင်ငံ့တာဝန်ကျေပွန်စေမည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုး ထောင်ပေးကြပြီး ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့်လည်း အစဉ်လေ့လာ သင်ယူမှုများနှင့် အတတ်ပညာ၊ အသိပညာပြည့်စုံပြီး နိုင်ငံ၏အနာဂတ်အတွက် အားကိုး အားထားပြုနိုင်မည့်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗလငါးတန်ဖွံ့ဖြိုးရေး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင် ခြယ်ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)မှ ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု့အား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး လူမူရေးရာ ဝန်ကြီး ဦးဝင်းမြတ်စိုးက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးထံ ထောက်ပံ့ငွေများပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ် ပွဲတော်တွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာက ခင်းကျင်းပြသထားသော ဗလ ငါးတန်ဖွံ့ဖြိုးရေးလူငယ်များ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ လှပသာယာပြည်မြန်မာ၊ အေးချမ်းသာယာပြည်မြန်မာ ဆုရမှတ်တမ်းဓာတ်ပုံများ၊ တိုင်းဒေသကြီးအတွင်းမှ အထင်ကရ ပုဂ္ဂိုလ်များ၊ အထင်ကရနေရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်ပြသထားရှိမှုများအား လည်းကောင်း၊ ကျောင်းသား ကျောင်းသူလေးများ ကာယဉာဏဖွံ့ဖြိုးရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကား ပုံဆက်ပြိုင်ပွဲနှင့် ခါးကွင်းလှည့်ပြိုင်ပွဲတို့အားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာ နမှပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြဘုတ်များနှင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများ၊ လူမှုဝန်ထမ်းဦးစီးဌာနက ပြသထားသည့် အသိပညာပေးပြဘုတ်များနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြဘုတ်များနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ စက်မှုလက်မှုအထက်တန်းကျောင်း (မုံရွာ)မှ ပြသထားသည့် စက်မှုလက်မှုဆိုင်ရာ အသိ ပညာပေးပြပွဲများအားလည်းကောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခွက်နင်းပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲနှင့် ပူးပေါင်းဖောက် အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲ များတွင် ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်နေမှုများအားလည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် သက်ဆိုင်ရာပြိုင်ပွဲများအလိုက် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကဆုတံဆိပ်၊ ငွေသားဆုများနှင့် လက်ဆောင် ပစ္စည်းများပေးအပ်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)