မင်းလှမြို့တွင် ဆောင်းရာသီ ဆီထွက်သီးနှံဧကပေါင်း (၂၅၈၀) ဧကစိုက်ပျိုးထားရှိ

မင်းလှ ဇန်နဝါရီ ၂၆

၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီသီးနှံစိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၅၆) အုပ်စု၌ ဆီထွက်သီးနှံဧက ပေါင်း (၂၅၈၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းရာသီဆီထွက်သီးနှံများကို နိုဝင်ဘာလအတွင်းစတင်စိုက်ပျိုးခဲ့ရာ ဗီယက်နန်မျိုးနှင့် ဆင်းပဒေသာ (၁၁) မျိုးမြေပဲ (၁၀၈၉) ဧက၊ ဆင်းရတနာ (၃) (၄) (၅) မျိုး နှမ်း (၅၅၆) ဧက၊ ဆင်းရွှေကြာ-၂မျိုးနေကြာ (၉၃၅) ဧက စုစုပေါင်း (၂၅၈၀) ဧကစိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဖေဖော်ဝါရီလအတွင်း စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက်လာမည့် မိုးရာသီ သီးနှံတွင်လည်း လျာထားချက်ပြည့်မီကျော်လွန်းရေး၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေးနှင့် သွင်းအားစုအပြည့်အဝ သုံးစွဲနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးကြီကြပ်မှုကော်မတီမှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)