ကျောက်တလုံးကြီးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်တလုံးကြီး ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီလုံရပ်ကွက်တွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုလဝကမှူး ဦးအောင်မျိုးသူနှင့်ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ ပြည်သူများအား Mobile/Tablet ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြု၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က ပူး‌ပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ အဆိုပါလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း