ပန်းတောင်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ၊ ဆန်၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကုန်းကလေးကျေးရွာအုပ်စု၊ တောင်ရိုးစုကျေးရွာ၌ဇန်နဝါရီလ(၂၂)ရက်နေ့တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ထောင်စု(၄)စု နေအိမ်များ ဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ ၎င်းအိမ်ထောင်စုများအား ပန်းတောင်းမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှယမန်နေ့ နေ့လယ်(၂)နာရီအချိန်က တောင်ရိုးစုဘုန်ကြီးကျောင်းတွင် ထောက်ပံ့ပစ္စည်းနှင့် ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။