ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာ လာရောက်ထုတ်ယူသည့် ပင်စင်စားဦးရေ သုံးထောင်ဝန်းကျင်ခန့်ထိရှိနေပြီး အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိစေရေး၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် လစဉ်ပင်စင်စတင်ထုတ်ပေးသည့် (၂၁) ရက်နေ့တွင် ပျှမ်းမျှအားဖြင့် ပင်စင်စားဦးရေ (၁၅၀၀) ခန့် လာရောက်ထုတ်ယူကြပြီး ပင်စင်စတင်ထုတ်ပေးသည့်နေ့နောက်ပိုင်းတွင် တစ်ရက်လျှင် ပင်စင်လစာလာရောက်ထုတ်ယူသူ (၅၀၀) ဦး ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )