သံတောင်ကြီး ဒေသထွက်လက်ဖက်စိုများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး ဩဂုတ် ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုမိုးတွင်းအချိန်တွင် လက်ဖက်စိုများဝယ်လိုအား ကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် အမြင့်ပေ (၄၀၀၀) အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက်လက် ဖက်ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ လက်ဖက်ပင်များစိုက်ပျိုးပြီး(၅)နှစ်ခန့်တွင် လက်ဖက်ရွက်နုများခူးယူပြီး လက်ဖက်စို၊ လက်ဖက်ခြေက်၊ အချိုခြောက်စည်ဖြစ်ပြုလုပ်ကြသည်။ ယခုမိုးတွင်း အချိန်တွင် လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့်  လက်ဖက်ရွက်အနုများ ခူးယူကာ လက်ဖက်စိုများပြု လုပ်ရောင်းချလျက်ရှိသည်။

သံတောင်ကြီးဒေသတွင်လက်ဖက်စိုများမှာပြုလုပ်ရာတွင်ဓာတုပစ္စည်းများအသုံးပြုခြင်းမရှိပဲသဘာဝလက်ဖက်စိုများသာပြုလုပ်သည့်အတွက် အထားခံခြင်းတို့ကြောင့် ဝယ်လိုအားကောင်းပြီး ယခုအချိန်တွင် သံတောင်ကြီးဒေသထွက်လက်ဖက်စိုတစ်ပိဿာလျှင်ကျပ် (၈၀၀၀)ထိရရှိသည့်အတွက် လက်ဖက်စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သည့်တောင်သူများမှာ လက်ဖက်ပင်များကိုပိုမို စိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

နော်နော်မူ