ပန်းတနော်မြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပန်းတနော် ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်က ပန်း‌‌တနော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့်တည်ခိုခန်း၊ ရွှေထည်နှင့်လက်ဝတ်ရတနာ ရောင်းချသည့်လုပ်ငန်း၊ လက်ကိုင်ဖုန်း(Handset) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရောင်းဆိုင်လုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် အင်းလုပ်ငန်း၊ ဆန်စက်လုပ်ငန်းရှင်များအား ဝင်ငွေခွန်ပေးဆောင်ခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး၊ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)