သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရဲတပ်ဖွဲ့ဝင်များနှင့် အထူးနေ့လယ်စာ စားပွဲတက်ရောက်၊ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှု ကြည့်ရှုအားပေး
Feb 24,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စားရိပ်သာခန်းမ၌ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြပြီး ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး တက်ရောက်
Feb 24,2024
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တနင်္သာရီ တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 24,2024
ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၏(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Feb 24,2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်က ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ထွက် ရာသီပေါ်မရမ်းသီးများ စျေးကွက်အတွင်း စျေးကောင်းရရှိနေ
Feb 24,2024
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း ဒေသထွက်ကုန်များတစ်ခုဖြစ်သည့် မရမ်းသီးများ လှိုင်လှိုင်ပေါများစွာသီးချိန်တွင် စျေးကွက်အတွင်း စျေးကောင်းရရှိနေကြောင်း မရမ်းသီး‌ စိုက်ပျိုးရောင်းချသူများထံက သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်
Feb 24,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကမ္မအုပ်စု၊ သနပ္ပင်ကျေးရွာ ယမန်နေ့နံနက် ၉ နာရီက နေအိမ်မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာတွင် တွင်းနက်စက်ရေတွင်းအသစ်တူးဖော်
Feb 24,2024
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တွင်းနက်စက်ရေတွင်းအသစ် တူးဖော်နိုင်ရေးအတွက် ဆရာတော်များ ပင့်ဖိတ်၍ မြေသန့်မင်္ဂလာနှင့် ကမ္မဝါစာရွတ်ဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊  ညနေ(၅)နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ (Grade -5) နှင့် (Grade-9) နှစ်ဆုံး စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Feb 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ စာစစ်ဌာန (၂၁)ခုတွင် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် (Grade -5)နှင့် (Grade -9)မှ ကျောင်းသား/ သူများက နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင်လည်း အင်္ဂလိပ်စာဘာသာရပ်ကို  အေးချမ်းစွာဖြေဆိုလျက်ရှိသည်။