သတင်းများ

ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Feb 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ရုံးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ရုံးလုပ်ငန်းလက်စွဲပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆွေးနွေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၆၆) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 24,2024
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်တွင်  ၂၀၂၄ ခုနှစ် ၊ မတ်လ(၁၁)ရက်နေ့ တွင်ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာပေးပွဲ၌ အ-ထ-က(ဘုတ်ပြင်း) စာစစ်ဌာနတွင်  ကျောင်းသားကျောင်းသူ ၁၆၆ ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
လိပ်သိုဒေသထွက် တံမြက်စည်းချောများ တစ်နိုင်တစ်ပိုင်ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 24,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ယခုအချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ၊ တောင်ငူ-လိပ်သို ကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သောနေရာများနှင့်  တောင်ယာဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်းချကာ တံမြက်စည်းချောများ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပတ္တာကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူ ဦးမျိုး၏ ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲသီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ ပတ္တာကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော ကွင်းအမှတ် (၂၀၉-ခ) ‌တောင်သူဦးမျိုး၏ ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း  သိရှိရသည်။
ပေါ်ဦးပေါ်စရာသီစာ သမုန်းဖူး၊ သမုန်းပွင့်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး  ဈေးနှုန်းကောင်းဖြင့် ရောင်းချနေရ
Feb 24,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ မဏိစည်သူဈေးနှင့် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့ ပေါ်ဦးပေါ်စ သမုန်းဖူး၊ သမုန်းပွင့်များ ဈေးနှုန်းကောင်းစွာ ရောင်းချခြင်းဖြင့် သမုန်းဖူး ခူးဆွတ်ရောင်းချသူများ ဈေးနှုန်းကောင်းရရှိနေပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများလည်း အဆင်ပြေကြောင်း သမုန်းဖူး တစ်ဆင့်ပြန်လည်ရောင်းချသည့်  ဦးသန်းနိုင်ထံကသိရသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Feb 24,2024
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံးရှေ့ ကွင်းပြင်တွင် ကျင်းပပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ဆန္ဒဖော်ထုတ် ဆွေးနွေးပွဲ (၂/၂၀၂၄) အခမ်းအနားကျင်းပ
Feb 24,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ဆန္ဒဖော်ထုတ် ဆွေးနွေးပွဲ (၂/၂၀၂၄) အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Feb 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု(One Region One Product)ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။