ကလိန်အောင် ဖေဖော်ဝါရီ ၂၄
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း ဒေသထွက်ကုန်များတစ်ခုဖြစ်သည့် မရမ်းသီးများ လှိုင်လှိုင်ပေါများစွာသီးချိန်တွင် စျေးကွက်အတွင်း စျေးကောင်းရရှိနေကြောင်း မရမ်းသီး စိုက်ပျိုးရောင်းချသူများထံက သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည ရေခံမြေခံအလွန်ကောင်းသော ဒေသတစ်ခုဖြစ်သည့်အတွက် သီးနှံများ စောလျင်စွာ ခူးဆွတ်ရောင်းချနိုင်ပြီး ဒေသတွင်းစီးပွားရေး အဆင်ပြေလျက်ရှိပါသည်။
မရမ်းသီးသည် အစိမ်းသုပ်စားခြင်းဖြင့်လည်းကောင်း၊ ငါးနှင့်အချည်ရည်ချက်စားခြင်းဖြင့် လည်းကောင်း၊ ရင့်မှည့်လာပါက မရမ်းပြားအခြောက်ခံ၍ ယိုထိုး၍လည်းကောင်း၊ တာရှည်ခံအောင်ဆားနယ်၍ အိုးစိမ်၍လည်းကောင်း စားသုံးနိုင်သော အစားအစာတစ်မျိုးဖြစ်သည်။
ကလိန်အောင်မြို့ထွက် မရမ်းသီးများကို ထားဝယ်မြို့ပေါ်နှင့် နီးစပ်သောကျေးရွာများမှ လာရောက်ဝယ်ယူကြပြီး ပလတ်စတစ်ခြင်းတောင်းတစ်ခြင်းလျှင် ၉၀၀၀ ကျပ်၊ နို့ဆီဘူးတစ်ဘူးလျှင် ၁၀၀၀ ကျပ်၊ မရမ်းသီးအမှည့် (၁၀) လုံး (၁၀၀၀) ကျပ်အထိရရှိနေကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)