ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်

ညောင်ဦး  ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကမ္မအုပ်စု၊ သနပ္ပင်ကျေးရွာ ယမန်နေ့နံနက် ၉ နာရီက နေအိမ်မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က သနပ္ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၂) လုံးမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာအတွက် ကျပ် ၂၁,၀၀၀၊ အိမ်ဆောက်ပစ္စည်းဝယ်ယူရန် ကျပ် ၁၇၁၀၀၀ နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ Kit (၂)အိမ်ထောင်စာတို့ကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်တို့က မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း