သရက်ချောင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ (Grade -5) နှင့် (Grade-9) နှစ်ဆုံး စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ

သရက်ချောင်း     ဖေဖော်ဝါရီ    ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ စာစစ်ဌာန (၂၁)ခုတွင် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် (Grade -5)နှင့် (Grade -9)မှ ကျောင်းသား/သူများက နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင်လည်း အင်္ဂလိပ်စာဘာသာရပ်ကို  အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

အဆိုပါနှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း (Grade -5)ကို မြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခုမှ ဖြေဆိုသူ ကျောင်းသား/သူ(၆၃၄)ဦးအနက် ပျက်ကွက်သူ(၆၅)ဦးရှိကြောင်း၊ ဖြေဆိုသူရာနှုန်းမှာ (၉၀.၇၀)% ရှိကြောင်း၊ (Grade-9)အတန်းကို စာစစ်ဌာန(၆)ခုမှ  ဖြေဆိုသူ ကျောင်းသား/သူ(၂၆၆)ဦးအနက် ပျက်ကွက်သူ(၃၀)ဦးရှိကြောင်း ဖြေဆိုသူရာနှုန်းမှာ (၈၉.၈၆)%ရှိကြောင်း သိရပြီး (Grade-5) ကျောင်းသား/သူများက ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင်လည်းကောင်း၊ (Grade-9) ကျောင်းသား/သူများက ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင်လည်းကောင်း ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)