ခရမ်း ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စီမအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၃-၂-၂၀၂၄ ရက်နေ့နံနက် ၇ နာရီခွဲအချိန်က စတင်၍ခရမ်းမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဗြဟ္မစိုခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးဦးစီးဌာနမှ ဆေးမှတ်တမ်းစာအုပ်များ ပြုလုပ်ပေးပြီး ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွေးတိုးရှိ၊ မရှိနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာ စစ်ဆေးခြင်းများကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာခင်မာင်ရင်နှင့် ဆရာမများက ရောဂါစစ်ဆေးခြင်း၊ ဆေးဝါးကုသမှုများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများအား ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (လစဉ်) အငြိမ်းစားပင်စင်လစာငွေထုတ်ရက်ဖြစ်သော လစဉ်(၂၁)ရက်နေ့တို့တွင် အဆိုပါခန်းမတွင် ကျန်းမာရးစစ်ဆေးကာ ဆေးဝါးများအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)