အထက်မင်းလှ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၄ ခုနှစ် မတ်လတွင် Grade-12 စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများတည်းခိုနေထိုင်ရာ ရပ်ကွက်အသီးသီးရှိနေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ၂၃-၂-၂၀၂၄ ရက်နေ့ညနေ(၅)နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စာမေးပွဲဖြေဆိုရန် ရပ်ကွက်အသီးသီးတွင် လာရောက်တည်းခိုနေထိုင်ကြသည့်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ စာမေးပွဲဖြေဆိုနိုင်ရေးတွက် တည်းခိုနေထိုင်ရာတွင် လိုအပ်သည့်ကျန်းမာရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးအဆင်ပြေချောမွေ့စွာ ရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးစိုးခိုင် ပညာရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့က၊ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအားပေါင်း စပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)