ဘားအံ ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်အတွင်းရှိ စွန့်ဦးတီထွင်လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် စီးပွားရေးလုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲတတ်လာစေရန် ရည်ရွယ်၍ စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့ Hotel Perfect ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ကြိုးကြိုးစားစား လေ့လာသင်ယူကြပြီး မိမိတို့၏ ကိုယ်ပိုင်စဉ်းစား တွေးခေါ်တီထွင်မှုများဖြင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်ကုန်သည်ကြီများအသင်းဥက္ကဋ္ဌ ဦးဇော်ဌေးက သင်တန်းဖွင့်လှစ်မှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းတွင် IdeaGeneration: Sense of Entrepreneur ၊ Marketing ၊ Business ModelCanvas ၊ Business Planning ၊ Final Presentation Contest စသည့်ဘာသာရပ်များကို ဖေဖော်ဝါရီ(၂၄) ရက်နေ့မှ (၂၈)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား/သင်တန်းသူ (၂၃)ဦး တက်ရာက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)