ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်

ပေါင် ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကို ယ‌မန်နေ့နံနက် (၈) နာရီက အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပေါင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်အေးသီတာအောင်က “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားများ နေ့စဉ်ပြုလုပ်နေခြင်းဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် လွယ်ကူစွာယှဥ်ပြိုင်နိုင်ရန် လူငယ်များအတွက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းကို စတင်ခဲ့သည်။

အဆိုပါသင်တန်းကို မြန်မာ့သိုင်း၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ Fitness Dance စသည့် အားကစား (၄)မျိုးဖြင့် ဖေဖော်ဝါရီ (၂၄)ရက်နေ့မှ မတ်လ (၁၂) ရက်နေ့အထိ (၁၈) ရက်ကြာ ပိတ်ရက်မရှိ အခမဲ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)