ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ နေပြည်တော် ပုဂံဘုရားဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ပုဂံဘုရားများအား ဖူးမြော်ကြည်ညိုပြီး နေပြည်တော်ပုဂံဘုရားဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ပြည်တွင်းပြည်ပခရီးသွား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကဲ့သို့ လူသိများအောင် ဆောင်ရွက်ကြစေရေး မှာကြားခဲ့ရာ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးနှင့်အဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိန်ကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ညောင်ပင်ကြီးစုကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)