ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ "ပန်းအလှထိုးနည်း" သင်တန်းဖွင့်လှစ်

ဖျာပုံ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် အခမ်းအနားများ ပြင်ဆင်ရာတွင် ပန်းစို၊ ပန်းခြောက်များ အသုံးပြု၍ ပန်းအလှဆင်ခြင်းအတတ်ပညာဖြင့် အလှပန်းခြင်း၊ အလှပန်းအိုးများ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ "ပန်းအလှထိုးနည်း" သင်တန်းကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ "ပန်းအလှထိုးနည်း" သင်တန်းတွင် ကျုံကူကျေးရွာမှ ပန်းအလှပြင်ဆရာမ ဒေါ်ဝင်းပပသင်းက အဝိုင်းပုံပန်းခြင်းပြုလုပ်နည်း၊ အလှပန်းခြင်းအမျိုးမျိုးပြုလုပ်နည်း စသော ပန်းအလှထိုးနည်းဆိုင်များအား လက်တွေ့သင်ကြားပြသပေးခဲ့သည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ ပန်းအလှ ထိုးနည်းကို စိတ်ပါဝင်စားသော သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)