အင်္ဂပူ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဝက်သေကျေးရွာအုပ်စု၊ အေးစေတီကျေးရွာ၌ ယနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဝက်သေကျေးရွာအုပ်စု၊ အေးစေတီကျေးရွာနေ ဦးတင်စိန်၏ နေအိမ် (သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း) လူနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဦးတင်စိန်၏လူနေအိမ်(၁)လုံး ကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်လှိုင်၊ အင်္ဂပူမြို့ မြို့မစခန်းမှူး ဒုရဲမှူး ညီဝင်းကျော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် မြို့နယ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ကျေးရွာပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့်လူနေအိမ် (၁)လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)