ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာ‌ နေရာများ၊ ကားဂိတ်များတွင် အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်သူများသိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေး တာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်း တို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အဆိုအမိန့်များပါရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာပါရှိသည့်  အသိပညာပေး လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများ သိရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း