ရန်ကုန် ဖေဖော်ဝါရီ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့က ရေစိုကျေးရွာအုပ်စု၊ တက်သစ်ကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာအုပ်စုနှင့် စံကင်းကြီးကျေးရွာအုပ်စုများသို့ တပြိုင်နက်ထဲ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်း မြို့နယ်မြေပြင်စာရင်းကွင်းဆင်း ကောက်ယူရေးကြီးကြပ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ အဖွဲ့ဝင် (၂) ဦးအေးဝင်း၊ အဖွဲ့ဝင် (၃) မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သလို Biometric ဆိုင်ရာ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများကို နေ့စဥ်ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကောက်ယူပေးလျက်ရှိပြီး ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့်လည်း ကျူးကျော်နေထိုင်သူများနှင့် ရွေ့ပြောင်းနေထိုင်သူများကိုလည်း ငါးဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်