သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ဧက(၅၀၀)စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေးအတွက် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်
Feb 27,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧရိယာ၌ နွေသီးနှံစိုက်(၅၀၀)ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 27,2024
ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီး ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ)၌ အဆင့်မြင့် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန်းဆင်းပွဲ ကျင်းပ
Feb 27,2024
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ ကြီးမှူး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံမြို့၌ ပင်စင်စားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
Feb 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပင်စင်စားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောင့်မှုလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၉ ရက်ထိ မြန်မာ့စီးပွားရေးဘဏ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
နတ်မောက်မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး        
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။                      
လယ်ဝေးမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ခုတင်-၁၀၀ ဆေးရုံတွင် ယနေ့မွန်းလွဲပိုင်းက သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး တတိယအကြိမ်မြောက် ထိုးနှံပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် နတ်ရွာကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ် နတ်ရွာကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ ၈၃ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Feb 27,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။