မင်းဘူး(စကု)မြို့နယ် သမဝါယမအသင်းစု၏ ဘဏ္ဍာရေးနှစ်အလိုက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမင်းဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်လုပ်ငန်းရှင်းတမ်းများကို ရှင်းလင်းဆွေးနွေးပြီး သမဝါယမအသင်းစု၏ ရှေးလုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်း၊ ခရိုင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အခြေခံအသင်းကိုယ်စားလှယ်(၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)