သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

သာပေါင်း ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက် အမှန်များကို ကောင်းစွာသိရှိ နားလည်စေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူး‌ပေါင်းအဖွဲ့တို့က လူအများသွားလာစည်ကားရာ လမ်းဆုံလမ်းမနေရာများမှနေ၍  ဖြန့်ဝေ‌ပေးခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်း ဥပ‌ဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးဦးတည်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စိုးရိမ်ရန်မလို၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဖြစ်ရမယ့်တာဝန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်နိုင်သည့် ဖုန်းနံပါတ်များ စသည်တို့ရေးသား ဖော်ပြပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်ဟိန်းမင်းနှင့် ဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲအုပ်စံကြည်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ ဦးစီးအရာရှိ‌ဒေါ်လဲ့လဲ့ဝင်းနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လူအများသွားလာစည်ကားရာလမ်းဆုံလမ်းမနေရာ များသို့ လှည့်လည်၍အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်