ကျုံပျော် ဖေဖော်ဝါရီ ၂၈
သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် နိုင်ငံတော်မှ ထောက်ပံ့လျှက်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူမှုရေးပင်စင်ထောက်ပံ့မှုနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က အမှာစကား ပြောကြားသည်။ ထို့နောက်မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေကျပ် ( ၄၀၅၆၀၀၀၀)အား လွှဲပြောင်း ပေးအပ်ခဲ့သည်။
ကျုံပျော်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁,၃၅၂)ဦးရှိပြီး၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဘိုးဘွားတစ်ဦးလျှင် ကျပ်(၃၀,၀၀၀)နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)