သတင်းများ

လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံ (၂)ထပ်တိုးချဲ့ဆောင်သစ် ဖွင့်လှစ်
Jan 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်တိုးချဲ့ဆောင် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။  
ဖြူးမြို့နယ်၊ ဂျေပူကျေးရွာ၌ VRFP စီမံကိန်းချေးငွေကျပ်(၂၄၀)သိန်းကို စတုထ္ထအကြိမ်ထုတ်ချေးပေးမည်ဖြစ်
Jan 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေကိုဂျေပူကျေးရွာအုပ်စု၊ ဂျေပူကျေးရွာ၌ ထုတ်ချေးပေးမည်ဖြစ်ရာ ယနေ့၊ နံနက်ပိုင်းက အဆိုပါဂျေပူကျေးရွာရှိ ချေးငွေထုတ်ချေးပေးနိုင်ခွင့်ရှိသူ၊ ချေးငွေအောင်မြင်သူများအား ချပြရှင်းလင်းခြင်း၊ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့ အ.ထ.က(ပေါက်ခေါင်း)၌ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ပွဲအခမ်းအနားကျင်းပ
Jan 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့အ.ထ.က(ပေါက်ခေါင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက  အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ရွှေရတု)ခန်းမတွင် ကျင်းပသည်။
အုတ်တွင်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး ပျိုးထောင်နေမှုအခြေအနေကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 06,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် နတ်စဉ်ကုန်းကျေးရွာအုပ်စု ကွမ်းသီးခြံကျေးရွာ ကွင်းအမှတ် (၃၃၅)အတွင်းရှိ စနစ်ကျလယ်ယာမြေများတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး ပျိုးထောင်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သား/ ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နေ့စဉ်ကြပ်မတ်စစ်ဆေး
Jan 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။
ဒေးဒရဲမြို့နယ် တော်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Jan 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ဥာဏ်ရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီက တော်လှကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကျင်းပ
Jan 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် နေအိမ်မီးလောင်မှုဖြစ်စဥ်တွင် အချိန်မီပူးပေါင်း၍ မီးငြှိမ်းသတ်နိုင်ခဲ့ကြသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဌေးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရေကြည်)၊ တေဇာသီရိခန်းမတွင် ယနေ့နံနက် (၈) အချိန်၌ ရေကြည်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပခဲ့သည်။