မုံရွာမြို့တွင် တောင်သူနည်းပညာပေး သတင်း၊ ဆောင်းပါးရေးသားနည်း သင်တန်းဆင်းပွဲ ကျင်းပ
Jan 06,2024
စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှစီစဥ်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးတို့မှ စိုက်ပျိုးရေးဝန်ထမ်းများအတွက် စိုက်ပျိုးရေးနည်းပညာများကို အများပြည်သူများနှင့် တောင်သူများ သိရှိနိုင်စေရန်နှင့် ရုပ်သံမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ရေးအတွက် အထူးလေးထားရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောတောင်သူနည်းပညာပေး သတင်း၊ ဆောင်းပါးရေးသားနည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။