ဒေးဒရဲမြို့၌ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ဧကပြည့်မီရေးညှိနှိုင်းဆွေးနွေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများစားသုံးဆီဖူလုံရေးနှင့် ကျေးလက်နေ ပြည်သူများမိသားစုဝင်ငွေတိုးပွား စေရေးအတွက် ရေငန်ဝင်ရောက်သည့် ဒေသများတွင် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးလျက်ရှိရာ လျာထားဧကများ အချိန်မီစိုက်ပျိုး ပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။